The ANU Myanmar Research Centre Dialogue Series is a conversation concerning current research on Myanmar aimed at providing scholars with an opportunity to present their work, try out an idea, advance an argument and critically engage with other researchers.

International and Myanmar researchers from any discipline are invited to contribute. The Dialogue Series is particularly seeking to provide a space for early career researchers wishing to receive constructive feedback.  

Each dialogue is one hour long, including a 30-minute presentation followed by a 30-minute Q&A. As a hybrid series, the Dialogues are presented in both virtual and in-person format, hosted by the ANU Myanmar Research Centre.  

The series takes place once or twice a month on Fridays during semesters 1 and 2. 

ANU မြန်မာ့ရေးရာသုတေသနဌာန၏ Dialogue Series သည် မြန်မာ့အရေးလေ့လာနေကြသော ပညာရှင်များအား ၎င်းတို့၏ သုတေသနများကို တင်ပြခြင်း၊ အတွေးအမြင်များကို ချပြခြင်း၊ ဆွေးနွေးငြင်းခုံခြင်းနှင့် အခြားသောသုတေသီများနှင့် ထိတွေ့ဆက်ဆံခြင်းများစသည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန်ရည်ရွယ်သော စကားဝိုင်းတစ်ခုဖြစ်သည်။ ပညာရပ်နယ်ပယ်အသီးသီးမှ နိုင်ငံတကာနှင့် မြန်မာသုတေသီများ ပါဝင်နိုင်ပါသည်။ အထူးသဖြင့် ယခုစကားဝိုင်းအစီအစဥ်သည် တက်သစ်စသုတေသီများ အပြုသဘောဆောင်သော အကြံပြုချက်များရရှိနိုင်ရေးအတွက် ဦးတည်ပါသည်။  

ဆွေးနွေးမှုတစ်ခုစီသည် အချိန်တစ်နာရီကြာမြင့်မည်ဖြစ်ပြီး တင်ဆင်မှုအတွက် မိနစ် (၃၀) နှင့် အမေးအဖြေအတွက် မိနစ် (၃၀) ဖြစ်ပါသည်။ ယခုအစီအစဥ်များကို အွန်လိုင်း၊ လူကိုယ်တိုင် ပုံစံနှစ်မျိုးလုံးဖြင့် ANU မြန်မာ့ရေးရာသုတေသနဌာနမှ စီစဉ်ကျင်းပသွားမည်ဖြစ်ပါသည်။

ဆွေးနွေးမှုများအား စာသင်နှစ်ဝက်နှစ်ခုလုံး၏ သောကြာနေ့များတွင် တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကျင်းပသွားမည်ဖြစ်သည်။

Off

These 15-minute videos contain the highlights of talks delivered in the Myanmar Dialogue Series, a platform enabling public debate about the pressing political and social conditions in Myanmar since the 2021 military coup. Where Dialogue Series speakers give their permission, we will create a Dialogue Short which condenses the core points of their presentation.

The Shorts are perfect for undergraduate classes and other educational settings where students need concise information on current pressing political and social issues in Myanmar. Policymakers and people working in settings with a lot of time constraints might also find that they usefully summarize issues about which they need to be abreast in order do plan and make decisions on Myanmar — and that they draw attention to the many promising new scholars of Myanmar emerging both from within the country and abroad.

ဤ (၁၅) မိနစ်ကြာ ဗီဒီယိုမှတ်တမ်းများသည် မြန်မာ့အရေးဆွေးနွေးမှုစီးရီးတွင် ပါဝင်ခဲ့ကြသော ဆွေးနွေးမှုများ၏ မှတ်တမ်းအစိတ်အပိုင်းများဖြစ်သည်။ မြန်မာ့အရေးဆွေးနွေးမှုစီးရီးသည် (၂၀၂၁) ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများအား တင်ပြဆွေးနွေးငြင်းခုံနိုင်ရန် ဖန်တီးထားသော အစီအစဥ်တစ်ခုဖြစ်သည်။ တင်ပြဆွေးနွေးသူများ၏ ခွင့်ပြုချက်ဖြင့် ၎င်းတို့၏တင်ပြချက်၏ အဓိကအချက်များကို စုစည်းပြီး ဆွေးနွေးမှုအတိုအထွာများကို ဖန်တီးထားခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများအား သိရှိလိုသော ဘွဲ့ကြိုအတန်းများနှင့် အခြားသောပညာရေးဆိုင်ရာအစီအစဥ်များတွင် တက်ရောက်နေကြသော ကျောင်းသားများအတွက် အဆိုပါမှတ်တမ်းအတိုအထွာများတွင် ကျစ်လစ်တိကျသောအချက်အလက်များပါရှိသဖြင့် အထူးသင့်လျော်ပါသည်။ မူဝါဒချမှတ်သူများနှင့် အချိန်အကန့်အသတ်ရှိသူများအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်သော လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အထောက်အကူပြုနိုင်သော အကြောင်းအရာအနှစ်ချုပ်များကို အဆိုပါမှတ်တမ်းအတိုအထွာများတွင် လေ့လာနိုင်ပါသည်။ ထို့အပြင် ပြည်တွင်းပြည်ပရှိ အလားအလာရှိသော မြန်မာ့ရေးရာပညာရှင်အသစ်များစွာ၏ စိတ်ဝင်စားမှုကိုလည်း ရရှိထားပါသည်။

Off