Primary Landing Page

The Australian National University is home to one of the largest concentrations of Myanmar/Burma specialists in the world. ANU has played a central role in regional debate about political, social, and economic change and reform in Myanmar/Burma.

 

The ANU Myanmar Research Centre was launched in 2015. Since then, the Centre has served as the university’s academic hub for Myanmar activities. The Centre provides a flexible and inclusive structure to maintain its activities, build relationships with our Myanmar partners, and create new opportunities for ANU staff and students.

 

Currently, the Myanmar Research Centre:

  • provides a central online showcase of ANU-Myanmar activities
  • facilitates communication among ANU scholars working on Myanmar
  • supports academic interaction with Myanmar-related visitors to ANU
  • consolidates relevant Myanmar activities under one over-arching umbrella.

သြစတြေးလျအမျိုးသားတက္ကသိုလ်သည် ကမ္ဘာပေါ်ရှိ မြန်မာ့ (ဗမာ) ရေးရာ ကျွမ်းကျင်ပညာရှင်များ အများဆုံးစုဝေးလျက်ရှိသော တက္ကသိုလ်များထဲမှတစ်ခုဖြစ်ပါသည်။ ANU သည် မြန်မာနိုင်ငံနှင့်သက်ဆိုင်သော နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးပြောင်းလဲမှုနှင့် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ဒေသတွင်းဆွေးနွေးပွဲများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

မြန်မာ့ရေးရာသုတေသနဌာနကို (၂၀၁၅) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ တက္ကသိုလ်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော ပညာရေးလုပ်ငန်းများအတွက် ဗဟိုချက် ဖြစ်လာပါသည်။​  မြန်မာ့ရေးရာသုတေသနဌာနသည် လှုပ်ရှားမှုများကို ဆောင်ရွက်ရာတွင် လည်းကောင်း၊ မြန်မာလုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးတည်ဆောက်ရာတွင်လည်းကောင်း၊ ANU ဝန်ထမ်းများနှင့်ကျောင်းသားများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးရာတွင်လည်းကောင်း လိုက်လျောညီထွေရမှုရှိပြီး အားလုံးပါဝင်သောဖွဲ့စည်းမှုပုံစံကို ပံ့ပိုးပေးထားနိုင်ပါသည်။

လက်ရှိတွင် မြန်မာ့ရေးရာသုတေသနဌာနအနေဖြင့်

  • ANU-Myanmar လှုပ်ရှားမှုများနှင့်ပတ်သက်၍ အွန်လိုင်းတွင်ဖော်ပြပေးသည်
  • မြန်မာ့အရေးလေ့လာနေကြသော ANU ပညာရှင်များအကြား ဆက်သွယ်ဆောင်ရွက်မှု ပြုပေးသည်
  • ANU သို့ရောက်ရှိလာသော မြန်မာနိုင်ငံနှင့်ဆက်ဆိုင်သော ဧည့်သည်များနှင့် ပညာရပ်ဆိုင်ရာအပြန်အလှန်ဆက်သွယ်မှုကို ပံ့ပိုးပေးသည်
  • သက်ဆိုင်ရာမြန်မာ့အရေးလှုပ်ရှားဆောင်ရွက်မှုများကို တစ်နေရာတည်းတွင်​ စုစည်းပေးပါသည်

You can sign up here to be added to our mailing list.

Anyone on the list can email to the list, to share information and resources with other members of the network. Once you are subscribed to the list, you can forward/send an email to myanmar@mailman.anu.edu.au to share information with the broader community. 

ကျွန်ုပ်တို့၏ အီးမေလ်စာရင်းတွင် ပါဝင်ရန် 

ထို့အပြင် ကျွန်ုပ်တို့၏အီးမေးလ်စာရင်းတွင် ပါဝင်လိုပါက ဤနေရာတွင် စာရင်းသွင်းရန် ဖြစ်ပါသည် စာရင်းထဲရှိ မည်သူမဆို စာရင်းရှိ အဖွဲ့ဝင်များထံသို့ စာပေးပို့နိုင်ပြီး ကွန်ရက်အတွင်းရှိ အခြားအဖွဲ့ဝင်များထံသို့ အချက်အလက်များနှင့် အရင်းအမြစ်များကို မျှဝေနိုင်ပါသည်။ စာရင်းသွင်းပြီးသည်နှင့် သတင်းအချက်အလက်များကို ပိုမိုကျယ်

If you are interested in Myanmar research, studies and/or language we encourage you to become a member (ANU staff or student) or affiliate (non-ANU person) of the Myanmar Research Centre. Just fill in your details in the online application form here. You will need to provide a short bio, a headshot (400w x 600h pixels) and contact details.

Members and affiliates profiles are displayed on our website, to enable research partners and other parties to find you easily, and to facilitate collaboration and networking.

Please note: If you are applying to become a member or affiliate, you also need to separately subscribe to our mailing list
on the button above.

အဖွဲ့ဝင် သို့မတုတ် တွဲဖက်သုတေသီများအဖြစ်ပူးပေါင်းဆောင်ရွက်ခြင်း

အကယ်၍ သင်သည် မြန်မာနိုင်ငံနှင့်သက်ဆိုင်သော သုတေသနများ၊ လေ့လာမှုများနှင့် ဘာသာစကားကိုစိတ်ဝင်စားပါက မြန်မာ့ရေးရာသုတေသနဌာန၏ အဖွဲ့ဝင် (ANU ဝန်ထမ်း သို့မဟုတ် ကျောင်းသား) သို့မဟုတ် တွဲဖက်သုတေသီ (ANU ပြင်ပပုဂ္ဂိုလ်) အဖြစ်လျှောက်ထားရန် တိုက်တွန်းလိုပါသည်။ ဖော်ပြထားသော အွန်လိုင်းလျှောက်လွှာပုံစံတွင် သင်၏ အချက်အလက်များကို ဖြည့်စွက်ရန်ဖြစ်ပါသည်။ သင်၏ကိုယ်ရေးအကျဥ်း၊ လိုင်စင်ဓာတ်ပုံ (400w x 600h pixels) နှင့် ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များကို ဖော်ပြရန်လိုအပ်ပါသည်။

မိတ်ဖက်သုတေသီများနှင့် အဖွဲ့အစည်းများက အလွယ်တကူရှာဖွေနိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှုများကို လွယ်ကူချောမွေ့စေရန်အတွက် အဖွဲ့ဝင်များနှင့် တွဲဖက်သုတေသီများ၏ ကိုယ်ရေးအကျဥ်များကို ကျွန်ုပ်တို့၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားပါသည်။